7 Reasons Why you should use chat bot.
7 𝐑𝐞𝐚𝐬𝐨𝐧𝐬 𝐖𝐡𝐲 𝐲𝐨𝐮 𝐬𝐡𝐨𝐮𝐥𝐝 𝐮𝐬𝐞 𝐜𝐡𝐚𝐭 𝐛𝐨𝐭.
Chatbot ကို လူကြီးမင်းတို့လုပ်ငန်းအတွက် ဘာကြောင့်အသုံးပြုသင့်သလဲဆိုသည့် Chatbot အကြောင်း တစေ့တစောင်း အချက် ၇ ချက်ကို ဝေမျှပေးချင်ပါတယ်။
ပထမဆုံး ဘာကြောင့်အသုံးပြုသင့်သည်ထက် Chatbot ဆိုတာဘာလဲဆိုသည့်အရာကို ဦးစွာဝေမျှလိုပါတယ်။
Chatbot ဆိုသည်မှာ Customer များ အမေးများသည့်မေးခွန်းများ ၊ မိမိတို့၏ စီးပွားရေးလုပ်ငန်းအတွက် မေးလာနိုင်သည်များကို လူတစ်ယောက်နည်းတူ အလိုအလျောက် ပြန်လည်ဖြေကြားပေးသည့် Bot တစ်ခုဖြစ်ပါသည်။
1.Chatbot could save Time and Human Resources
Chatbot သည် Customer များ မေးလာသည့်မေးခွန်းများ ၊ သိလိုသည်များအား အမြန်ဆုံးပြန်လည်ဖြေကြားပေးနိုင်သည့်အတွက် မိမိတို့အနေဖြင့် Message များအား ပြန်လည်ဖြေကြားရန် Standby စောင့်နေရန် မလို၍ Time saving ဖြစ်စေပြီး ထိုနေရာအတွက်လိုအပ်သည့် Human Resources ကိုလည်း လျှော့ချနိုင်မည်ဖြစ်သည်။
2.Chatbot could be available 24/7
Chatbot သည် လူကြီးမင်းတို့၏ စီးပွားရေးလုပ်ငန်းများ၌ လာရောက်မေးမြန်းမည့် Customer များအား ၂၄ နာရီ ၇ ရက်လုံး အချိန်မရွေးပြန်လည်ဖြေကြားပေးနိုင်သည့်အတွက် Customer များသည် မိမိတို့ သိလိုသည်များကို ချက်ချင်းသိရသည့်အတွက် Customer များထံမှ စိတ်ကျေနပ်မှုအပြည့်အဝ ပြန်လည်ရရှိနိုင်မည်ဖြစ်ပါသည်။
3.Chatbot could handle with multiple customers at the same time
လူတစ်ယောက်သည် Customer တစ်ယောက်ကိုသာ ပြန်လည်ဖြေကြားခြင်းပြုလုပ်နိုင်သည့်အတွက် Customer များစွာကို စာများပြန်လည်ဖြေကြားသည့်အခါ ဝန်ထမ်းများစွာလိုအပ်သော်လည်း Chatbot ထားရှိပါက Customer များစွာကို တချိန်တည်း တပြိုင်နက်ထဲ ပြန်လည်ဖြေကြားနိုင်မည်ဖြစ်ပါသည်။
4.Chatbot could make orders without Human
Customer ဝယ်ယူလိုသည့်ပစ္စည်းများအား Chatbot နှင့်ပင် အချိန်မရွေး Order မှာယူနိုင်သည့်အတွက် လုပ်ငန်းများ မြန်ဆန်စွာပြီးမြောက်စေပါသည်။
5.Chatbot could collect and analyse customers’ data
Chatbot သည် Customer များမေးလေ့မေးထရှိသည့်မေးခွန်းများ ၊ ထည့်သွင်းထားသည့်အချက်အလက်များ ၊ ဝယ်ယူခဲ့သည့် ပစ္စည်းများ ၊ သုံးစွဲခဲ့သည့်ငွေပမာဏများ စသည့် Data များကို စုဆောင်းပေးနိုင်သည့်အတွက် ရရှိလာသော Data များအပေါ်မူတည်၍ မိမိ၏စီးပွားရေးလုပ်ငန်းများကို ပြန်လည်သုံးသပ်နိုင်မည်ဖြစ်ပါသည်။
6.Chatbot could chat with multiple Language
Chatbot သည် မိခင်ဘာသာစကားသာမက မိမိထည့်သွင်းလိုသည့် ဘာသာစကားမျိုးစုံကိုပါ ထည့်သွင်းထားနိုင်သည့်အတွက် မိမိနိုင်ငံသားများသာမက နိုင်ငံခြားသား Customer များကိုပါ ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ပါသည်။
7.Chatbot could be used easily by Customers
မိမိတို့၏ Customer များအနေဖြင့်လည်း Chatbot ကို အလွယ်တကူအသုံးပြုနိုင်သည့်အပြင် Chat လုပ်ရလွယ်ကူစေပါသည်။
အထက်တွင်ဖော်ပြခဲ့သောအချက်များကို သုံးသပ်ခြင်းအားဖြင့် Chatbot သည် Customer များအတွက် အသုံးပြုရလွယ်ကူခြင်း ၊ 24/7 Stand by ရှိနေခြင်း ၊ Human Resources များကို လျှော့ချနိုင်ခြင်းတို့ကြောင့် Chatbot အား ယနေ့ခေတ်တွင် အသုံးပြုသင့်သည့် Bot တစ်ခုဖြစ်ပါသည်။
လူကြီးမင်းတို့လုပ်ငန်းအတွက် Chatbot တစ်ခုလိုအပ်လာပါက Myanwei Digital Solution မှ ဝန်ဆောင်မှုပေးပါရစေ။