100% Secure viber messaging service in Myanmar…
How to get more CV with LinkedIn
မိတ်ဆွေ company မှာ လုပ်ငန်းအတွက် ဝန်ထမ်းခေါ်ယူဖို့ စိတ်ကြိုက်မတွေ့ဖြစ်နေပါသလား…? ဒါဆိုရင်တော့ LinkedIn ကနေ Entry Level မှစလို့ Professional Level အထိ ဝန်ထမ်းများစွာခေါ်ယူလို့ရပါတယ်။
ဒါဆို LinkedIn ကနေ ဘယ်လိုအလုပ်ခေါ်လို့ရသလဲ…?
ပထမဆုံးအနေနဲ့ LinkedIn မှာ Company ရဲ့ Profile Page တစ်ခုရရှိဖို့လိုအပ်ပါတယ်။ Page create လုပ်ပြီးတာနဲ့ Logo ၊ Description တွေက စလို့ ကိုယ့်လုပ်ငန်းဟာ ဘယ်အမျိုးအစားထဲမှာပါဝင်တယ် ၊ ဘာတွေနဲ့ပတ်သတ်ပြီး ဝန်ဆောင်မှုပေးတယ် အစရှိတာတွေကို ပြည့်စုံအောင်ဖြည့်ဖို့လိုအပ်ပါတယ်။ ဒါမှလည်း မိတ်ဆွေလုပ်ငန်းဟာ ဘယ်လောက်ထိ Reputation ရှိတယ်ဆိုတာကို အလုပ်လျှောက်တဲ့သူတွေက မြင်နိုင်မှာဖြစ်ပြီး စိတ်ဝင်စားမှု ပိုများလာမှာဖြစ်ပါတယ်။gg
LinkedIn မှာ Company ရဲ့ Profile တစ်ခုရလာပြီဆိုရင်တော့ ဝန်ထမ်းခေါ်ဖို့အတွက် လုပ်ဆောင်လို့ရပါပြီ။
ဝန်ထမ်းစခေါ်ဖို့အတွက် Post a job ဆိုတဲ့ Tab ထဲကိုဝင်ပါ။ ပြီးရင်တော့ Find a great hire, fast ဆိုတဲ့ Title နဲ့အတူ အောက်မှာ Text Box လေးတစ်ခုကျလာပါမယ်။
🔹Job Title ဆိုတဲ့နေရာမှာ ခေါ်ယူလိုတဲ့ Position ကိုဖြည့် ၊
🔹Company နေရာမှာ အစောပိုင်းက Create လုပ်ထားတဲ့ Company Profile Name ကိုဖြည့်ပါ။
🔹Job Title အတွက် လုပ်ရမယ့်သူဟာ On-site လား ၊ Hybrid လား ၊ Remote လားရွေးပါ။
🔹မိတ်ဆွေတို့လုပ်ငန်းက ဘယ်မြို့ကလည်းဆိုတာရွေးပါ။
🔹အလုပ်လုပ်ရမယ့်ဝန်ထမ်းဟာ Full Time လား ၊ Part Time လားရွေးကာ အလုပ်ခေါ်ခြင်းလုပ်ငန်းကို စတင်နိုင်ပါပြီ။
ပြီးရင်တော့ Job Description / Job Requirements တွေရေးပြီး အလုပ်လျှောက်သူတွေ Email ပို့တဲ့ခါ ရောက်စေလိုတဲ့ Email ကိုထည့်ခြင်းဖြင့် LinkedIn မှာ အလုပ်ခေါ်စာတစ်ခု တင်ထားလို့ရပါတယ်။ Company အမျိုးအစားအပေါ်မူတည်၍ CV Form 10 ခုကနေ 25 ခုဝန်းကျင်ရရှိမှာဖြစ်ပြီး LinkedIn သုံးလေ့ရှိတဲ့ IT ကျွမ်းကျင်တဲ့လူငယ်များ ၊ Executive သို့မဟုတ် Assistant Level Manager Level ၊ Entry Level မှ Executive Level ထိရရှိနိုင်မှာဖြစ်ပါတယ်။ မိတ်ဆွေတို့ လိုအပ်တဲ့ ဝန်ထမ်းရသွားပြီဆိုရင်တော့ Close Job လုပ်လိုက်လို့ရပါတယ်။